အမြောက်သံတွေ ဝုန်းဒိုင်းကြဲပြီး မြောက်လန်ဒန်ဒါဘီကို တက်သိမ်းမယ့် တော်ဝင်ဂန်းနား (အာဆင်နယ် – စပါး ပွဲကြိုသုံးသပ်ချက်)

[UNICODE] အာဆင်နယ် – စပါး (၁-၁၀-၂၀၂၂ မြန်မာစံတော်ချိန် ည ၆:၀၀)

Arsenal-vs-Tottenham-preview
IMAGE: GOAL

နိုင်ငံတကာပွဲစဉ်တွေကြောင့် ရပ်နားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ ပရိသတ်ကို ပွဲကြီးပွဲကောင်းတွေနဲ့ အတိုးရော၊ အရင်းပါ ပေးသွားမှာပါ။ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စိတ်ဝင်စားဖွယ်ရာပွဲကြီးပွဲကောင်းတွေကစောင့်ကြိုနေပြီး အာဆင်နယ်နဲ့ စပါးတို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်နဲ့ စတင်ဖွင့်လှစ်သွားမှာပါ။ ဒီထက်မိုက်တာ ဘာရှိဦးမလဲ။

1-Getty-Images-1397209409
IMAGE: GOAL

အာဆင်နယ်ကတော့ လက်ရှိအချိန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်(၇) ပွဲကစားပြီးချိန်မှာ (၆) ပွဲအထိ အနိုင်ရရှိခဲ့ပြီး တစ်ပွဲသာ အရေးနိမ့်ခဲ့ကာ ရမှတ်၁၈ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

2d2f7-16634398931491-1920
IMAGE: GOAL

အာဆင်နယ်ရဲ့စုဖွဲ့မှုက အားရစရာကောင်းနေပြီး ယုံကြည်ချက်ကလည်း အမြင့်ဆုံးရောက်နေပါတယ်။ ဂျေဇူုး၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီတို့ရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး အားရစရာကောင်းနေပြီးပွဲတိုင်းဂိုးသွင်းထားပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး အာဆင်နယ် အဓိက စိုးရိမ်ရမှာက ဒဏ်ရာပြဿနာပါ။

1662927-1
IMAGE: GOAL

အဓိကကွင်းလယ်လူ ပါတေးသာ ပါလာခဲ့ရင် အာဆင်နယ်ရဲ့ကွင်းလယ်ပိုင်းက စိတ်ချရမှာဖြစ်ပြီး ပါတေးမပါရင်တော့ အန္တရာယ်များပါတယ်။ ဒီပွဲစဉ်က အာဆင်နယ်အတွက် အရေးကြီးပြီး မနိုင်လို့ မဖြစ်တဲ့ပွဲပါ။ ထိပ်သီး ၆ သင်းထဲကတစ်သင်းကိုသာ အိမ်ကွင်းမှာ နိုင်ပွဲစရလိုက်ရင် အာဆင်နယ်ရဲ့ ယုံကြည်ချက်က ဒီထက်နှစ်ဆတက်သွားပါလိမ့်မယ်။

1424661889
IMAGE: GOAL

တစ်ဖက်က စပါအးသင်းကလည်း ဒီရာသီမှာ ရလဒ်ေတွေကောင်းမွန်နေပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပါဘူး။ စပါးဟာ ပရီးမီးယားလိဂ် ၇ ပွဲကစားခဲ့ရာမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၃နေရာမှာ ရပ်တည်နေပါတယ်။ လက်စတာနဲ့ပွဲမှာ ဆွန်ဟောင်မင် ဂိုးပေါက်ပြန်တွေ့ခဲ့တာက စပါးအတွက် အဓိက အားသာချက်ပါ။

bd7280bccfe0904c19e8910c5c78b8e5
IMAGE: GOAL

ဒါပေမယ့် စပါးရဲ့အဝေးကွင်းခြေစွမ်းပိုင်းက အားနည်းချက်တွေရှိနေပြီး ကျစ်လျစ်မှုမရှိပါဘူး။ အထူးသဖြင့် စပါးရဲ့ကွင်းလယ်နဲ့ Wing Back တွေကအားနည်းချက်တွေရှိနေပြီး အဲဒီနေရာတွေ နှိုင်းယှဉ်ရင်တော့အာဆင်နယ်ထက် အားနည်းပါတယ်။ စပါးအနေနဲ့ ဒီပွဲမှာ သူတို့အားသာတဲ့ မြန်နှုန်းမြင့် တန်ပြန်တိုက်စစ်ကို အဓိကလက်နက်အဖြစ် ထုတ်သုံးမှာပါ။

fb0ce082-4304-475c-bb06-e14991fa90ed
IMAGE: GOAL

အာဆင်နယ်နောက်တန်းက ဆာလီဘာတို့ ပရီးမီးယားလိဂ်ရဲ့ တန်ပြန်တွေကို သင်ခန်းစာ ရထားပြီးပါပြီ။ နောက်ပြီး အာဆင်နယ်ရဲ့ အားသာချက်က ဂျေဇူးအပါအဝင် အဓိက ကစားသမားတွေက နိုင်ငံပွဲမကန်ရဘဲအနားရထားခဲ့တ ဖြစ်ပါတယ်။

martinelli-and-jesus-villa
IMAGE: GOAL

ထိပ်တိုက်တွေ့ဆုံမှုတွေအရလည်း အာဆင်နယ်နဲ့ စပါးတို့ရဲ့ အနေအထားက သူ့ကွင်းမှာသူနိုင်၊ ကိုယ့်ကွင်းမှာ ကိုယ်နိုင်နေကျတာပါ။ လက်ရှိမှာ စပါးထက်စာရင် အာဆင်နယ်ရဲ့ခြေစွမ်းက ပိုစိတ်ချရတဲ့ အနေအထားပါ။ အမြှောက်သံတွေ တညံညံနဲ့ စနေနေ့မှာ မြောက်လန်ဒန်ဒါဘီကို တော်ဝင်ဂန်းနားတွေ တက်သိမ်းမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: အာဆင်နယ် ၂-၀ စပါး

[ZAWYGI] အာဆင္နယ္ – စပါး (၁-၁၀-၂၀၂၂ ျမန္မာစံေတာ္ခ်ိန္ ည ၆:၀၀)

Arsenal-vs-Tottenham-preview
IMAGE: GOAL

ႏုိင္ငံတကာပြဲစဥ္ေတြေၾကာင့္ ရပ္နားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ကေတာ့ ပရိသတ္ကို ပြဲႀကီးပြဲေကာင္းေတြနဲ႔ အတုိးေရာ၊ အရင္းပါ ေပးသြားမွာပါ။ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ စိတ္၀င္စားဖြယ္ရာပြဲႀကီးပြဲေကာင္းေတြကေစာင့္ႀကဳိေနၿပီး အာဆင္နယ္နဲ႔ စပါးတို႔ရဲ႕ေျမာက္လန္ဒန္ဒါဘီပြဲစဥ္နဲ႔ စတင္ဖြင့္လွစ္သြားမွာပါ။ ဒီထက္မိုက္တာ ဘာရွိဦးမလဲ။

1-Getty-Images-1397209409
IMAGE: GOAL

အာဆင္နယ္ကေတာ့ လက္ရွိအခ်ိ္န္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးအသင္းေတြထဲကတစ္သင္းပါ။ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္(၇) ပြဲကစားၿပီးခ်ိန္မွာ (၆) ပြဲအထိ အႏုိင္ရရွိခဲ့ၿပီး တစ္ပြဲသာ အေရးနိမ့္ခဲ့ကာ ရမွတ္၁၈ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆံုးမွာ ဦးေဆာင္ေနပါတယ္။

2d2f7-16634398931491-1920
IMAGE: GOAL

အာဆင္နယ္ရဲ႕စုဖြဲ႕မႈက အားရစရာေကာင္းေနၿပီး ယံုၾကည္ခ်က္ကလည္း အျမင့္ဆံုးေရာက္ေနပါတယ္။ ေဂ်ဇူုး၊ အိုဒီဂတ္၊ ဆာကာ၊ မာတင္နယ္လီတုိ႔ရဲ႕ တုိက္စစ္ပိုင္းက ေတာ္ေတာ္ေလး အားရစရာေကာင္းေနၿပီးပြဲတုိင္းဂိုးသြင္းထားပါတယ္။ ဒီပြဲစဥ္နဲ႔ပတ္သက္ၿပီး အာဆင္နယ္ အဓိက စိုးရိမ္ရမွာက ဒဏ္ရာျပႆနာပါ။

1662927-1
IMAGE: GOAL

အဓိကကြင္းလယ္လူ ပါေတးသာ ပါလာခဲ့ရင္ အာဆင္နယ္ရဲ႕ကြင္းလယ္ပိုင္းက စိတ္ခ်ရမွာျဖစ္ၿပီး ပါေတးမပါရင္ေတာ့ အႏၱရာယ္မ်ားပါတယ္။ ဒီပြဲစဥ္က အာဆင္နယ္အတြက္ အေရးႀကီးၿပီး မႏုိင္လုိ႔ မျဖစ္တဲ့ပြဲပါ။ ထိပ္သီး ၆ သင္းထဲကတစ္သင္းကိုသာ အိမ္ကြင္းမွာ ႏုိင္ပြဲစရလိုက္ရင္ အာဆင္နယ္ရဲ႕ ယံုၾကည္ခ်က္က ဒီထက္ႏွစ္ဆတက္သြားပါလိမ့္မယ္။

1424661889
IMAGE: GOAL

တစ္ဖက္က စပါအးသင္းကလည္း ဒီရာသီမွာ ရလဒ္ေေတြေကာင္းမြန္ေနၿပီး ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးပါဘူး။ စပါးဟာ ပရီးမီးယားလိဂ္ ၇ ပြဲကစားခဲ့ရာမွာ ၅ ပြဲႏုိင္၊ ၂ ပြဲသေရက်ၿပီး ရမွတ္ ၁၇ မွတ္နဲ႔ အဆင့္ ၃ေနရာမွာ ရပ္တည္ေနပါတယ္။ လက္စတာနဲ႔ပြဲမွာ ဆြန္ေဟာင္မင္ ဂိုးေပါက္ျပန္ေတြ႕ခဲ့တာက စပါးအတြက္ အဓိက အားသာခ်က္ပါ။

bd7280bccfe0904c19e8910c5c78b8e5
IMAGE: GOAL

ဒါေပမယ့္ စပါးရဲ႕အေ၀းကြင္းေျခစြမ္းပိုင္းက အားနည္းခ်က္ေတြရွိေနၿပီး က်စ္လ်စ္မႈမရွိပါဘူး။ အထူးသျဖင့္ စပါးရဲ႕ကြင္းလယ္နဲ႔ Wing Back ေတြကအားနညး္ခ်က္ေတြရွိေနၿပီး အဲဒီေနရာေတြ ႏိႈင္းယွဥ္ရင္ေတာ့အာဆင္နယ္ထက္ အားနည္းပါတယ္။ စပါးအေနနဲ႔ ဒီပြဲမွာ သူတို႔အားသာတဲ့ ျမန္ႏႈန္းျမင့္ တန္ျပန္တိုက္စစ္ကို အဓိကလက္နက္အျဖစ္ ထုတ္သံုးမွာပါ။

fb0ce082-4304-475c-bb06-e14991fa90ed
IMAGE: GOAL

အာဆင္နယ္ေနာက္တန္းက ဆာလီဘာတုိ႔ ပရီးမီးယားလိဂ္ရဲ႕ တန္ျပန္ေတြကို သင္ခန္းစာ ရထားၿပီးပါၿပီ။ ေနာက္ၿပီး အာဆင္နယ္ရဲ႕ အားသာခ်က္က ေဂ်ဇူးအပါအ၀င္ အဓိက ကစားသမားေတြက ႏုိင္ငံပြဲမကန္ရဘဲအနားရထားခဲ့တ ျဖစ္ပါတယ္။

martinelli-and-jesus-villa
IMAGE: GOAL

ထိပ္တုိက္ေတြ႕ဆံုမႈေတြအရလည္း အာဆင္နယ္နဲ႔ စပါးတုိ႔ရဲ႕ အေနအထားက သူ႔ကြင္းမွာသူႏိုင္၊ ကိုယ့္ကြင္းမွာ ကို္ယ္ႏုိင္ေနက်တာပါ။ လက္ရွိမွာ စပါးထက္စာရင္ အာဆင္နယ္ရဲ႕ေျခစြမ္းက ပိုစိတ္ခ်ရတဲ့ အေနအထားပါ။ အေျမွာက္သံေတြ တညံညံန႔ဲ စေနေန႔မွာ ေျမာက္လန္ဒန္ဒါဘီကို ေတာ္၀င္ဂန္းနားေတြ တက္သိမ္းမွာပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: အာဆင္နယ္ ၂-၀ စပါး



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!