တစ်လတစ်လ စီရော်နယ်ဒိုဆီကနေ မြန်မာငွေသိန်း (၂)ထောင်နီးပါးရရှိနေတဲ့ ဂျော်ဂျီနာ

[UNICODE]

1086037258
IMAGE: GOAL

ကမ္ဘာပေါ်မှာ အားကျစရာအကောင်းဆုံးလူသားတွေထဲကတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုဟာ ချစ်သူ ဂျော်ဂျီနာကို ဘယ်လောက် ထောက်ပံ့ပေးသလဲဆိုတာလည်း စိတ်ဝင်စားစရာအကြောင်းတစ်ခုပါ။ ဂျော်ဂျီနာဟာသူကိုယ်ပိုင်အလုပ်တွေကနေ မက်မောဖွယ်ရာဝင်တွေကို ရှာဖွေနိုင်နေပေမဲ့ စီရော်နယ်ဒိုဟာ ဂျော်ဂျီနာကို တစ်လ ပေါင် ၈ သောင်း ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

1423320233-850x560
IMAGE: GOAL

စီရော်နယ်ဒိုဟာ လက်ရှိမန်ချက်စတာယူနိုက်တက်မှာ တစ်ပတ်ပေါင် ၅ သိန်းအထိရရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ စီရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ကို ချစ်သူတွေဖြစ်နေတာ ၆ နှစ်ကြာ ရှိနေပြီဖြစ်ပြီး သမီးလေးတစ်ယောက် ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း သားသမီးတစ်ဦးထပ်မံ ထွန်းကားခဲ့ပါတယ်။

Cristiano-Ronaldo-cropped
IMAGE: GOAL

စီရော်နယ်ဒိုဟာ သူ့အချစ်ရဆုံး မိခင်ဖြစ်သူနဲ့လည်း အဆင်ပြေတဲ ဂျော်ဂျီနာကို လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ စီရော်နယ်ဒိုကဂျော်ဂျီနာနဲ့ လက်ထပ်မဲ့အကြောင်းကို အတိအလင်း ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။

ffa7e442eda0060e81195a5fa4038e45
IMAGE: GOAL

စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ မီဂါစတားတစ်ဦးဖြစ်တာကြောင့် သူတို့မိသားစုဟာ ခမ်းနားကြီးကျယ်လှတဲ့ အသုံးအဆောင်တွေနဲ့ အဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်နေတာပါ။ စိရော်ယ်ဒိုအနေနဲ့ ဂျူဗင်တပ်နဲ့ရီးရဲမက်ဒရစ်မှာ ကစားစဉ်တုန်းကလည်း အားကစားနယ်ပယ်ရဲ့ လုပ်ခလစာအမြင့်မားဆုံး ကစားသမားတွေထဲကတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီး ပေါင်သန်းရာချီ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်နေရှင်နယ်ယွန်စီသတင်းစာရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုအနေနဲ့ ဂျော်ဂျီနာရဲ့ ဘဏ်အကောင့်ထဲကို လစဉ် ပေါင ၈ သောင်းအထိ ထည့်ပေးတယ်လို့ သိရပါတယ်။ ဒါဟာ မြန်မာငွေနဲ့တွက်ရင် သိန်း (၂)ထောင်နီးပါးအထိ ရှိပါတယ်။

lvgppvxl7dm70yyctbp1
IMAGE: GOAL

လက်ရှိအချိန်မှာ ဂျော်ဂျီနာအနေနဲ့ စီရော်နယ်ဒိုရဲ့ နောက်ထပ်ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီး စီရော်နယ်ဒိုဟာ မကြာခင်ကလေး (၆) ယောက်အဖေဖြစ်လာတော့မှာပါ။ ဒါကြောင့် ကလေးတွေထိန်းသိမ်းစောင့်ရှောက်စရိတ်အဖြစ် စီရော်နယ်ဒိုဟာ ဂျော်ဂျီနာကို လစဉ်ထောက်ပံ့ပေးနေတာလို့လည်း သိရပါတယ်။ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေသူ ဂျော်ဂျီနာဟာ ကုန်ပစ္စည်းတွေနဲ့ နာမည်ကျော်ဘရန်းတွေကိုပရိုမိုးရှင်းပေးတာကနေလည်း ဝင်ငွေကောင်းလျက်ရှိနေတာပါ။

medium-2022-09-29-a8c9f137ce
IMAGE: GOAL

ဂျော်ဂျီနာဟာ စီရော်နယ်ဒိုရဲ့ မိသားစုနဲ့လည်း သဟဇာတည့်လှပြီး အထူးသဖြင့် စီရော်နယ်ဒိုရဲ့ ၁၂ နှစ်အရွယ်သားငယ်လေး ခရစ္စတီယာနိုဂျူနီယာကို ကိုယ့်ရဲ့သားသမီးအရင်းသဖွယ်ထိန်းကျောင်းစောင့်ရှောက်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ ဂျော်ဂျီနာနဲ့အတူ အများအားကျချင်စရာကောင်းတဲ့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ထားလျက်ရှိနေတာ ဖြစ်ပါတယ်။

[ZAWGYI]

1086037258
IMAGE: GOAL


1423320233-850x560
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!