အိုဇေလ်း ကတော့ တူရကီ အီစတန်ဘူဘာဆတ်ဆီဟာ မှာ ကစားနေတာဖြစ်ပြီး သူက နောက်ကျော မှာ နာကျင်နေတာကြောင့် ကစားခွင့်ရဖို့အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။ အိုဇေလ်း က အရင်အပတ်က ‘ကံမကောင်းစွာနဲ့ ကျွန်တော် ဘောလုံး ကွင်းထဲက နည်းနည်းတော့ ဝေးကွာအုန်းပါမယ်။ ကျွန်တော် ဒီအပတ် မှာ ကျွန်တော့် ကျောဒဏ်ရာ အတွက် ခွဲစိတ် ကုသမှု ခံယူပါမယ်။ ကျွန်တော် ကွင်းထဲ ပြန်ကစားနိူင်ဖို့ အတတ်နိူင်ဆုံး လုပ်သွားပါမယ်။ အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။’ ဆိုပြီးရေးသားခဲ့ပါတယ်။ သူက…

reading now

မန်ယူအသင်းသား တစ်ချို့တွေကတော့ ရော်နယ်ဒို ကို ကလပ်ကနေ ထွက်ခွာစေချင်နေကြပြီလို့ သတင်းတွေက ဆိုပါတယ်။ ရော်နယ်ဒိုက ချန်ပီယံလိဂ် ဝင်ခွင့်မရကတည်းက မန်ယူအသင်းကနေ ထွက်ခွာဖို့အသည်းအသန်ကြိုးပမ်းနေခဲ့ပါတယ်။ ၃၇နှစ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုက မန်ယူ ရာသီကြိုပွဲတွေဖြစ်တဲ့ ဩစတေးလျနဲ့ ထိုင်းတို့မှာ မိသားစု အရေးဆိုပြီးအကြောင်းပြကာ လိုက်ပါခဲ့ခြင်းမရှိကာ ဘေယန် နဲ့ချဲလ်ဆီးတို့နဲပါသတင်းထွက်ခဲ့တာဖြစ်ပါတယ်။ သူက ဘရိုက်တန်ကို မန်ယူအသင်း ရှုံးနိမ့်တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြသနိူင်ခြင်းမရှိပါဘူး။ သူအသင်းက ထွက်ခွာဖို့ ဆန္ဒ ပြနေတဲ့ သူ့ အပြုအမှုကြောင့် အသင်းသားတွေ ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အသင်းသားတွေ ကြား…

reading now

ဇန်နဝါရီလ ၂၀၀၆ မှာ FA ဖလားမှာ မန်ယူနဲ့ လီဗာပူး ရင်ဆိုင်တဲ့ပွဲမှာ မန်ယူကစားသမား အလန်စမစ် က လီဗာပူး ဘယ်နောက်ခံလူ ရစ်စီ ကန်ချက် ကိာ ကာကွယ်ခဲ့ပါတယ်။ ဒီလိုကာကွယ်ခဲ့တာကြောင့် သူက ခြေထောက် ကျိုးခဲ့သလို ခြေချင်းဝတ် လွှဲသွားခဲ့ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တို ဒီ ဒဏ်ရာက သူ တွေ့မြင်ခဲ့တဲ့ ဒဏ်ရာတွေမှာ အဆိုးဝါးဆုံးလို့ ဆိုခဲ့ပါတယ်။ နစ်စတယ်ရွိုင်းကိုယ်တိုင်သူ့ ခေါင်းငိုက်စိုက်ခဲ့ကာ ရော်နယ်ဒိုကိုယ်တိုင်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် အလန်စမစ် ခြေချင်းဝတ် ထဲ…

reading now

ရီးရဲလ် အသင်းက ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာ အသင်းကို ကျော်ဖြတ်ပြီးတော့ Forbes က သတ်မှတ်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံး ကလပ်အနေနဲ့ ရပ်တက်လျက်ရှိပါတယ်။ ရီးရဲလ် အသင်းက ပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာ အသင်းအနဲ့ မန်ချက်စတာ ယူနိူက်တက် အသင်းကို ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။ ရီးရဲလ် အသင်းက ဒီရာသီမှာ လာလီဂါဖလားကို အရယူထားသလို ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း လီဗာပူးနဲ့ ကန်ဖို့ ရှိပါတယ်။ ရီးရဲလ်အသင်းက ဘာစီလိုနာ အသင်း ထက် ၇…

reading now

အခုတစ်လော ဘောလုံး လောက မှာ ပရိတ်သတ်တွေက ဘီယာနဲ့ ပစ်တာ ခေတ်စားနေပြန်ပါတယ်။ Midtjylland အသင်းရဲ့ ကစားသမားဖြစ်တဲ့ အင်ဒါးစ် ဒရီယာ ကတော့ ဒိန်းမတ် ဖလားမှာ Vejle အသင်းဘက် ကို အနိူင် ဂိုးသွင်းယူခဲ့ပါတယ်။ ဒရီယာ က သူ့ ကလပ်အတွက် ၆၈ မိနစ်မှာ အနိူင်ဂိုးကိုသွင်းယူနိူင်ခဲ့ပါတယ်။ သူက Vejle ပရိတ်သတ်တွေ ရှိတဲ့နေရာမှာ သွားပြီး အသင်းဖော်တွေနဲ့ အောင်ပွဲခံခဲ့ပါတယ်။ အဲမှာ Vejle ပရိတ်သတ်တွေက သူ့ကို ဘီယာခွက်နဲ့…

reading now

၂၀၂၂ မှာ Ballon d'Or ဆုကို အဓိက ပြောင်းလဲမှု ၄ ခု နဲ့ လုပ်မယ်လို့ ပြင်သစ်ဘောလုံး မဂ္ဂဇင်း က ပြောကြားလိုက်ပါတယ်။ မနှစ်က မက်ဆီက လီဗန်ဒေါ့စကီးကို ကျော်ဖြတ်ပြီးနောက် Ballon d'Or ဆုရတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း ခံရပြီးနောက် ခုလို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာဖြစ််သည်။   ဒီ ဆုကို ၁၉၅၆ ခုနှစ်ကတည်းက ပေးအပ်ခဲ့ပေမယ့် မနှစ်က မက်ဆီက Ballon d'Or ဆု ၇…

reading now

ထိပ်တန်းဘောလုံး ကစားသမားတွေက သူတို့ ပိုက်ဆံကို မတူညီတဲ့ နေရာတွေမှာ သုံးကြသလို မက်ဆီကတော့ သူ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ကမ္ဘာ တစ်ဝှမ်းလုံးကို လည်ပတ် တာ နှစ်သက်သူပါ။ ဘောလုံး အားကစားမှာ နှစ်စဉ် ပေါင်သန်းပေါင်းများစွာ ထည့်ဝင် နေကြတာကြောင့် ကစားသမားတွေလည်း ရတဲ့ ပိုက်ဆံကို ရေလို သုံးနိူင်ကြပါတယ်။ တစ်ချို့တွေက ကားတွေမှာ သန်းပေါင်းများစွာ အသုံးပြသလို ထိပ်တန်း ကစားသမားတွေက ကိုယ်ပိုင်လေယာဉ်ဝယ်စီးကြပါတယ်။ ကမ္ဘာ့ ထိပ်တန်း ကစားသမားတွေထဲက စျေးအကြီးဆုံး ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်လေယာဉ်…

reading now

ယူကရိန်း လက်ရွေးစင်ဖြစ်တဲ့ မန်စီးတီး ကြယ်ပွင့် အိုလက်ဇန်းဒါး ဇင်ချန်ကို ကတော့ သူ့ လူမှုကွန်ယက်ကနေ တစ်ဆင့် ဗလာဒီမာ ပူတင်ကို ကျိန်ဆဲလိုက်ပါတယ်။ ဗလာဒီမာ ပူတင်က ယူကရိန်းကို စတင်ပြီး ကျူးကျော်တိုက်ခိုက်နေပြီစြဖပ်ါတယ်။ ပူတင်က ရုရှား တပ်ကို ယူကရိန်းကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာကြောင့် ဒုံးကျည်တွေက ယူကရိန်းကို ညတွင်းချင်းကျရောက်ခဲ့ကာ တိုင်းပြည်မာရှယ်လော ထုတ်ပြန်ခဲ့ရပြီး တစ်ချို့နေရာတွေ ပြိုလဲပျက်စီးပြီး လူတွေလည်း သေကြေခဲ့ရပါတယ်။ ယူကရိန်း နိူင်ငံအတွက် ၄၈ ပွဲ ကစားထားပေးတဲ့ ဇင်ချန်ကို ကတော့သူ့…

reading now

မန်ယူတိုက်စစ်မှူးဖြစ်တဲ့ မေဆင် ဂရင်းဝဒ် ကတော့ Football Manager 2022 က ထပ်မံထုတ်ပယ်ခြင်း ခံရပြီဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဂရင်းဝဒ်က သူ့ ချစ်သူကို ညှင်းပန်းနှိပ်စက်မှု နဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ နောက်မှာတော့ သူက လိင်ပိုင်းဆိုင်ရာစော်ကားမှု နဲ့ သူ့အသက်သေစေရန်ခြိမ်းခြောက်မှုတို့နဲ့ပါ ထပ်မံ ရင်ဆိုင်ရခြင်းဖြစ်သည်။ နောက်တော့ သူက အာမခံနဲ့ ပြန်လွှတ်လာသည်။ နာမည်ကြီး ဘောလုံး မန်နေဂျာ ဂိမ်းဖြစ်တဲ့ Football Manager 2022 ကို ထုတ်လုပ်သူ…

reading now

ရော်နယ်ဒိုက အင်စတာဂရမ်မှာ Followers ပေါင် ၄၀၅ သန်းရှိသလို Followers အများဆုံး အားကစားသမား တစ်ယောက် အနေနဲ့ရော လူမှုကွန်ယက်ဖြစ်တဲ့ Instagram မှာ ရပ်တည်နေတာဖြစ်ပါတယ်။ သုသေတန ပြုချက် စစ်တမ်း တစ်ခု အရ ရော်နယ်ဒိုက Followers အတု အများဆုံး ဘောလုံး ကစားသမားဖြစ်သလို အဲက ဝင်ငွေ အမြင့်ဆုံး ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ ရော်နယ်ဒိုက စပွန်ဆာ ပိုစ့် တစ်ခုအတွက် Follower အတု အကောင့်တွေ အတွက် ပေါင်…

reading now

error: Content is protected !!