ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်မှာ အရန်ခုံမှာထိုင်ပြီး ဒုတိယပိုင်းမှသာအသင်းမှာပါဝင်ကစားခွင့်ရရှိခဲ့တဲ့ရော်နယ်ဒိုက တော့ ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်ကိုအနိုင်ကစားပြီး ကွာတားဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းဖော်တွေရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ခြေစွမ်းတွေကို ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ တိုက်စစ်မှူးရော်နယ်ဒိုဟာ ဆွစ်ဇာလန်အသင်းနဲ့ကစားခဲ့တဲ့ပြီးတဲ့ ရှုံးထွက်ပွဲစဉ်မှာတော့ အရန်ခုံမှာထိုင်နေခဲ့ရပြီး သူရဲ့နေရာမှာတော့ လူငယ်ကစားသမား ဂွန်ကာလိုရာမို့စ်ကိုထည့်သုံးခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာရှိနေသေးတဲ့ ဂွန်ကာလိုရာမို့စ်ကအဲဒီပွဲစဉ်မှာတော့ ဟတ်ထရစ်သွင်းယူပေးခဲ့ပြီး ပေါ်တူဂီအသင်းက ဆွစ်ဇာလန်အသင်းကို ၆-၁ ဂိုးနဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်ကိုတက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပေါ်တူဂီအ သင်းဟာ စပိန်ကိုပင်နယ်တီနဲ့နိုင်ခဲ့တဲ့မော်ရိုကိုအသင်းနဲ့ ကွာတားဖိုင်နယ်မှာတွေ့ဆုံကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာတော့ တိုက်စစ်မှူးရော်နယ်ဒိုက ပွဲချိန် ၇၃ မိနစ်မှာ…

reading now

အာဖရိကအသင်းဖြစ်တဲ့မော်ရိုကိုအသင်းဟာ နာမည်ကြီးထိပ်တန်း စပိန်အသင်းကိုတော့ ဘတ်စ်ကားကွက်သုံး ကာ ပင်နယ်တီအထိဆွဲကစားခဲ့ပြီး ပင်နယ်တီနဲ့အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကိုတက်သွားခဲ့ပြီဖြစ်ပါ တယ်။ အဲဒီထဲကမှ မှတ်မှတ်ရရ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ အသက်အငယ်ဆုံးကစားသမားဂါဗီ စပိန်လူငယ်ကစားသမား ဂါဗီဟာ မော်ရိုကိုအသင်းနဲ့ပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ သူ့ရဲ့လက်ရှိအသက်က ၁၈ နှစ်နဲ့ ၁၂၃ ရက်သာရှိသေးတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၅၈ ခုနှစ်၊ ပီလီ( ၁၇နှစ်နဲ့ ၂၄၉ ရက်) နောက်ပိုင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။ သူဟာ ဒီပွဲစဉ်မှာတော့ ကွင်းလယ်မှာ ပီဒရီ၊ဘတ်စကွက်တို့…

reading now

မော်ရိုကို ဝ-၀ စပိန်( မိနစ် ၉၀ ရလဒ်) (ပင်နယ်တီအဆုံးအဖြတ်နဲ့ မော်ရိုကိုနိုင်) ဒီနေ့ပွဲစဉ်မှာတော့မော်ရိုကိုအသင်းက၄-၃-၃ကစားကွက်နဲ့ပွဲထွက် လာခဲ့ပြီးတိုက်စစ်ပိုင်းမှာ တော့ဇီယက်၊ အန်နီရီ၊ဘိုဖယ် တို့ကိုထားရှိပါတယ်။ ကွင်းလယ်မှာတော့ အိုနာဟီ၊အမ်ရာဘတ်၊အာမာလာ နဲ့ ပြင်ဆင်လာ ခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဟာကီမီ၊အဂူး၊ဆစ်၊မာဇရို တို့နဲ့ ခင်းကျင်းထားခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းကလည်း ၄-၃-၃ ကစားကွက်နဲ့ဘဲ ပွဲထွက်လာခဲ့ကာ တိုက်စစ်ပိုင်းမှာတော့ အိုလ်မို၊အဆန်စီယို၊ ဖာရန်တောရက်စ်တု့ိကိုထားရှိပါတယ်။ ကွင်းလယ်မှာတော့ ပီဒရီ၊ဘတ်စကွက်၊ဂါဗီတို့ ရှိပြီး ခံစစ်ပိုင်းမှာတော့ အယ်လ်ဘာ၊လာပေါ်တီ၊ရိုဒရီ၊လောရန်တီတို့နဲ့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပွဲစဉ်စတင်ကတည်းက စပိန်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအားကောင်းကောင်းနဲ့ ကစားထားနိုင်ခဲ့ပါတယ်။ တစ်ချီတစ်ချီမှာတော့…

reading now

ရော်နယ်ဒို ကို ဆော်ဒီ ကလပ်ဖြစ်တဲ့ Al-Nassr အသင်း နဲ့ ၂နှစ်ခွဲ စာချုပ် ချုပ်ဆိုတော့မယ်လို့ Marca က ဖော်ပြလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ စာချုပ်က တစ်နှစ်ကို ယူရို သန်း ၂၀၀ တန်ဖိုးရှိမှာဖြစ်ပါတယ်။ သူက ဆော်ဒီကလပ်နဲ့ လက်မှတ်ထိုးခ ချည်းကို ယူရို သန်း ၁၀၀ ရရှိမှာဖြစ်ပါတယ်။ ရော်နယ်ဒိုက ပီရက်စ် မော်ဂန် နဲ့ အင်တာဗျူး ဖြေပြီးနောက်မှာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို…

reading now

ပေါ်တူဂီ - ဆွစ်ဇာလန် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကိုရောက်လာပြီဖြစ်တာကြောင့် ပွဲတိုင်းက ခက်ခဲတယ်။ ချောင်တဲ့ပွဲဆိုတာက တော့ရှားတယ်။ အသင်းတိုင်းက ကွာတားတက်နိုင်ဖို့အတွက် အပြင်းအထန်ရုန်းကန်ကြတယ်။ ဒါကြောင့်လည်း ပွဲတွေက ပိုပြီးမြိုင်လာတယ်။ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာကြတယ်။ ဒီနေ့ညကစားမယ့် ပေါ်တူဂီနဲ့ ဆွစ်ဇာ လန်ပွဲကလည်း ကြည့်ကောင်းမယ့်ပွဲလို့ပြောရမယ်။ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုဖြတ်သန်းပုံကိုကြည့်မယ်ဆိုရင် အုပ်စုအဆင့် ၃ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ရှုံးထားတယ်။ ရှုံးတဲ့ပွဲက တောင်ကိုရီးယားအသင်းနဲ့ပွဲဖြစ်တယ်။ ဒါပေမယ့်အဲဒီပွဲက အုပ်စုအဆင့်တက် နေပြီ ဖြစ်တဲ့ ပေါ်တူဂီအသင်းအတွက် ဖိအားမရှိတဲ့ပွဲလို့ပြောရမယ်။…

reading now

ဘရာဇီလ်းကတော့ ကွာတား ဖိုင်နယ် မှာ တောင်ကိုးရီးယား အသင်းကို သက်တောင့်သက်သာ ကစားပြီး ဗင်နီဆီးယက်စ်၊ နေမာ၊ ရီချာလီဆင် နဲ့ လူးကပ်စ် ပါကွီတာတို့ ဂိုးနဲ့ နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်ပါတယ်။ ဒီထဲက မှတ်မှတ်ရရ အချက်များကို ဖော်ပြလိုက်ပါတယ်။ နေမာ ပြန်လာပြီ ဘရာဇီလ်းသားတွေကတော့ နေမာ အုပ်စု အဖွင့်ပွဲမှာ ဖြစ်တဲ့ ဆားဘီးယားနဲ့ ပွဲမှာ ဒဏ်ရာ ရရှိသွားတာကြောင့် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နေမာကတော့ တောင်ကိုးရီးယားနဲ့ ပွဲမတိုင်ခင်မှာ ကြံ့ခိုင်မှု ပြည့်၀ ခဲ့ပြီး…

reading now

ဂျပန် ၁-၁ ခရိုအေးရှား(မိနစ် ၉၀ ရလဒ်)( ပင်နယ်တီမှာ ခရိုအေးရှားနိုင်) ဒီနေ့ပွဲစဉ်မှာတော့ ဂျပန်အသင်းဟာ ၃-၄-၃ ကစားကွက်နဲ့ပွဲထွက်လာခဲ့တာဖြစ်ြၤပီး တိုက်စစ်ပိုင်းမှာတော့ ရီဆုဒွန်း၊မိုင်ဒါ၊ကာမာဒါ တို့ရှိနေပါတယ်။ ကွင်းလယ်မှာတော့ အစ်တို၊အန်ဒို၊မိုရီတာ၊နာဂါတိုမိုတို့နဲ့ ခင်း ကျင်းလာခဲ့သလို ခံစစ်ပိုင်းမှာက တိုမီယာဆု၊ယိုရှီဒါ၊တိုင်ဂူချီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ခရိုအေးရှားအသင်းကတော့ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ တိုက်စစ်ပိုင်းမှာက ပါရီဆစ်၊ ပါကိုဗစ်၊ကာမာရစ် တို့ကိုထားရှိပါတယ်။ ကွင်းလယ်မှာတော့ ကိုဗာဆစ်၊ဘရိုဇိုဗစ်၊မိုဒရစ်တို့ ရှိနေကာ ဘာရီဆစ်၊ဂျီဗာဒီယို၊လိုဗရန်၊ဂျူရာနိုဗစ်တို့နဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုမှာတော့ ခရိုအေးရှားအသင်းက အနည်းငယ်သာခဲ့ပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်ကစားမှုတွေနဲ့အတူ…

reading now

ဂျပန် - ခရိုအေးရှား ၂၀၂၂ ကမ္ဘာ့ဖလားဟာ အခုဆိုရင် ၁၆ သင်းရှုံးထွက်အဆင့်ကိုရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် အသင်းတိုင်းရဲ့ ခြေစွမ်းကတော့ လျော့တွက်လို့မရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောရမယ်။ ဂျပန်နဲ့ ခရိုအေးရှားပွဲစဉ်က လည်း အကြိတ်အနယ်ရှိမယ်ဆိုတာက သေချာတယ်။ ဂျပန်လိုဆိုလိုတာနဲ့ မာဂုဏ်နဲ့ စိတ်ဓာတ်ပိုင်းကတော့ ဆာမူရိုင်းတွေရဲ့အသည်းနှလုံးကိုအပိုင်စားထားတာ ဆို တော့ ပြောစရာတောင်မလိုဘူး။ အုပ်စုအဆင့်ကိုကြည့်မယ်ဆိုရင်တော့ ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ် တဲ့ ဂျာမနီကိုတောင် အနိုင်ကစားထားခဲ့တယ်။ အုပ်စု ၃ ပွဲကိုကြည့်မယ်ဆိုရင်တော့ ဂျပန်ရဲ့ခြေကအကောင်းဆုံးလို့ ပြောလို့မရဘူး။ ကနေဒါကိုရှုံးပြီး အီကွေဒေါနဲ့သရေကျခဲ့တယ်။ ဂျပန်ရဲ့အုပ်စုအဆင့် ဖြတ်ကျော်လာနိုင်တာက မာဂုဏ်နဲ့…

reading now

ကမ္ဘာ့ဖလား မှာ အင်္ဂလန် အသင်းကတော့ အာဖရိက ချန်ပီယံ ဆီနီဂေါကို သက်တောင့် သက်သာအနိူင်ယူခဲ့ပြီး လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းနဲ့ ကွာတားမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီထဲက မှတ်မှတ်ရရ အချက်များကိုဖော်ပြလိုက်ပါတယ်။ ဟန်ဒါဆင်ကို ရွေးတာ မှန်ခဲ့တဲ့ ဆောက်ဂိတ် ဆောက်ဂိတ်က မေဆင်မောင့်ကို ကျော်ပြီးတော့ ဟန်ဒါဆင်ကို ရွေးချယ်ခဲ့ပါတယ်။ ဟန်ဒါဆင်ကတော့ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားပီပီ အင်္ဂလန် ကွင်းလယ်ခံစစ်ကို အကောင်းဆုံး ထိမ်းကျောင်းနိူင်ခဲ့ပါတယ်။ ဂျုတ် ဘယ်လင်ဟမ် ကလည်း ဟန်ဒါဆင် နဲ့…

reading now

ပြင်သစ် ၃-၁ ပိုလန် ဒီနေ့ပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီး တိုက်စစ်မြားဦးမှာ ဂျရူးကိုထားကာ နောက်မှာတော့ ဒမ်ဘီလီ၊ဂရစ်ဇ်မန်း၊အမ်ဘာပေနဲ့ခင်းကျင်းထားပါတယ်။ ကွင်းလယ်မှာတော့ ချူအာမန်နီ၊ရာဘီယော့တို့ကိုထားပြီး ခံစစ်ပိုင်းမှာတော့ ကွန်ဒီ၊ဗာရန်း၊အူပါမီကာနို၊သီယိုဟာနန်ဒက်ဇ်တို့နဲ့ ခင်း ကျင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာပိုလန်အသင်းကတော့ ၄-၁-၄-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီး တိုက်စစ်မြားဦး လီဝမ်ဒေါ့စကီကိုထားပြီးအနောက်မှာတော့ဖရန်ကော်စကီ၊ဆန်မန်စကီ၊ဇီလန်စကီ၊ကာမင်စကီတို့နဲ့ပြင်ဆင်ထားပါတယ်။ ကွင်းလယ်မှာတော့ ခရာကိုဝှစ်ရှိနေပြီး ခံစစ်ပိုင်းမှာတော့ ဘီရာဆက်စကီ၊ကီဝေါ်၊ဂလစ်၊ မက်တီကတ်တို့ အကောင်းဆုံးပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။   ပွဲစကတည်းက ပြင်သစ်အသင်းကတော့ တစ်ဟုန်ထိုး ထိုးဖောက်ပြီး ဂိုးသွင်းနိုင်ဖို့ကို ကြိုးစားနေခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့်တွေရရှိပေမယ့် ပိုလန်ဂိုးသမား ဆက်ဇီနီက အမိအရဖမ်းယူထားနိုင်ပါတယ်။ တစ်ချီတစ်ချီ…

reading now

error: Content is protected !!