[ZawGyi] ၁။ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရရှိထားပြီဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အသက် (၂၁)နှစ်အရွယ် ဂိုးသမားလေး မားကပ်စ်ရှူးဘတ်ဟာ ဂျာမန်ကလပ် ရှော်ကေးလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ၂။ ဘာစီလိုနာအသင်းဟာ တောင်ပံတိုက်စစ်ကစားသမားလေး အော့စ်မာနေဒမ်ဘီလီကို ခေါ်ယူနိုင်ကြောင်း လီဗာပူးလ်အသင်းကို သတိပေးခဲ့ပေမယ့် ပေါင် (၉၃)သန်းဝန်းကျင်ရမှ ရောင်းချသွားဖို့ ဆန္ဒရှိနေပါတယ်။ ၃။ ဗဟိုနောက်ခံလူ အစ္စာဒိုင်အော့ဖ်အတွက် မန်ယူနိုက်တက်အသင်းရဲ့ ပေါင်သန်း (၄၀)တန်ကမ်းလှမ်းချက်ကို ဝက်စ်ဟမ်းအသင်းက ပယ်ချခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတာကြောင့် ခေါ်ယူနိုင်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ သတင်းတွေက…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ဝီလီယံအတွက် စပိန်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတွေဆီက ပေါင် (၃၅)သန်းတန် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျနဲ့ စာချုပ်သက်တမ်း (၁၂)လသာ ကျန်ရှိတော့တဲ့ ကစားသမားဟာ စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိပါက လာမယ့်ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းအနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အပြောင်းအရွှေ့ကာလ (၂)ခု ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကျခံထားရသလို အေဒင်ဟာဇက်ကိုလည်း ရီးယဲလ်မက်ဒရစ်အသင်းဆီ လက်လွှတ်ခဲ့ရတဲ့အတွက် လက်ရှိကစားသမားတွေကို ဆက်ထိန်းသွားနိုင်ဖို့ ကြိုးစားနေတာပါ။ လက်ရှိအချိန်မှာလည်း ခြင်္သေ့ပြာတို့ဟာ…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို အိုးထရက်ဖို့ဒ်မှာ ဆက်ထိန်းထားနိုင်အောင် စည်းရုံးသိမ်းသွင်းနိုင်ဖို့အတွက် လစာပုံအောပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ စပိန်ကလပ်ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်ကြောင်း ဖွင့်ဟခဲ့ဖူးတဲ့ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်ဖို့ အချိန်ကျပြီဆိုပြီး ဝန်ခံလာတဲ့အတွက် မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်လာပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့အပြိုင် စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းကပါ အသက် (၂၆)နှစ်သားကို ချိတ်ဆက်လာချိန်မှာ မန်ယူနိုက်တက်ကတော့ ပေါင် (၈၉)သန်း ပေးချေခေါ်ယူခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်ကို အလွယ်တကူ လက်လွှတ်လိုစိတ် မရှိပါဘူး။ ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာတပတ်လုပ်ခ ပေါင် (၂၉၀၀၀၀) ရရှိနေသူဖြစ်ပြီး…

reading now

[ZawGyi] အာဆင်နယ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်ကစားသမားလေး ဂါဘရီယဲလ်မာတင်နယ်လီရဲ့အပြောင်းအရွှေ့ကို ဒီတပတ်အတွင်းမှာ တရားဝင်ကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အီတူယာနိုအသင်းအတွက် ကစားနေတဲ့ ကြယ်ပွင့်လေးဟာ ဒီနေ့ (ဇွန်လ ၁၈ရက်)မှာပဲ အသက် (၁၈)နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်တာကြောင့် ဖီဖာရဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေအရ အာဆင်နယ်အသင်း တရားဝင်ခေါ်ယူခွင့်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တို့ရဲ့ အနာဂတ်ကြယ်တပွင့်အဖြစ်သတ်မှတ်ခံထားရတဲ့ မာတင်နယ်လီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဥရောပမြေမှာ ကစားဖို့ ဆုံးဖြတ်ခဲ့ကာ ဂန်းနားတို့ရဲ့ သဘောတူညီမှုရယူထားခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ အီဒူးဟာလည်း အမ်းမရိတ်ရဲ့နည်းစနစ်ဒါရိုက်တာဖြစ်လာဖို့ နီးစပ်နေတဲ့အနေအထားဟာ မာတင်နယ်လီကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ဖို့ အထောက်အကူတခုလည်း ဖြစ်ခဲ့ပါတယ်။ နည်းပြအမ်မရီအနေနဲ့ကတော့ အပြောင်းအရွှေ့အသုံးစားရိတ်…

reading now

[ZawGyi] ၁။ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘေယန်မြူးနစ်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဂါရက်ဘေးလ်အတွက် ကမ်းလှမ်းထားမှု မရှိသေးကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုသွားခဲ့ပါတယ်။ ၂။ ပေါ်တူဂီတိုက်စစ်ကြယ်ပွင့်လေး ယာအိုဖီလစ်ကို မန်စီးတီးအသင်းထက် လက်ဦးမှုရယူကာ စပိန်ထိပ်သီးကလပ် အက်သလက်တီကိုအသင်း ခေါ်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ကြောင်း ဘင်ဖီကာအသင်းက ငြင်းဆိုသွားခဲ့ပါတယ်။ ၃။ ဒါဘီအသင်းနည်းပြဖရန့်ခ်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းရဲ့နည်းပြရာထူးကို လက်ခံဖို့အတွက် အသင်းပိုင်ရှင်အေဘရာမိုဗစ်ခ်ျရဲ့ ရွက်လှေပေါ်မှာ သွားရောက်တွေ့ဆုံဖို့ ရှိနေကြောင်း Daily Star သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ခြင်္သေ့ပြာတို့ဟာ ဂန္ထဝင်ကစားသမားကြီးကို (၃)နှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားလိမ့်မယ်လို့လည်း သိရပါတယ်။…

reading now

[ZawGyi] ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် နည်းပြရာထူးအချို့ကို အပြောင်းအလဲလုပ်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် U-23 အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီး ဖရက်ဒီယွန်းဘတ်ဟာ လက်ထောက်နည်းပြရာထူးကို ရယူနိုင်ခဲ့ပြီး နည်းပြအမ်မရီရဲ့ နည်းပြအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ လက်ထောက်နည်းပြတဦးဖြစ်သူ စတိဗ်ဘိုးလ်ကတော့ လာမယ့်ရာသီကစပြီး အကယ်ဒမီမန်နေဂျာ မာတီဆက်ကာနဲ့အတူ ပူးပေါင်းကာ U-23 အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်တော့မှာဖြစ်သလို U-18 အသင်းကိုလည်း စီမံခန့်ခွဲရလိမ့်မယ်လို့ သိရပါတယ်။ ဂိုးနည်းပြဖြစ်တဲ့ ဆယ်လ်ဘစ်ဘိုအနေနဲ့ အသင်းကြီးတာဝန်တွေသာမက လူငယ်ကြယ်ပွင့်ဂိုးသမားတွေရဲ့ အရည်အသွေးပိုင်း မြှင့်တင်ပေးရမယ့်တာဝန်ပါ ယူလာရကာ အကယ်ဒမီထွက်ဂိုးသမားတွေကို…

reading now

[ZawGyi] လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းက သူတို့ရဲ့နည်းပြဖရန့်ခ်လမ်းပတ်အတွက် ချယ်လ်ဆီးအသင်းဆီ ချိတ်ဆက်မှုတစုံတရာ မရှိသေးကြောင်း အတည်ပြုသွားခဲ့ပါတယ်။ နည်းပြဆာရီကို စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းထံ ထွက်ခွာခွင့်ပြုခဲ့တဲ့ ခြင်္သေ့ပြာတွေဟာ နည်းပြသစ်တဦးခန့်အပ်နိုင်ဖို့ စီစဉ်လျက်ရှိနေပြီး ဂန္ထဝင်ကစားသမား ဖရန့်ခ်လမ်းပတ်က ထိပ်ဆုံးက ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားကြီးအနေနဲ့ကတော့ အသင်းဟောင်းနဲ့ပတ်သက်ပြီး အခုထက်ထိ တစုံတရာမှတ်ချက်ပြုခြင်း မရှိသေးပေမယ့် ဒါဘီအသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ လမ်းပတ်နဲ့ပတ်သက်လို့ ချယ်လ်ဆီးအသင်းကိုယ်တိုင်က အခုထက်ထိ ဘာကမ်းလှမ်းမှုမျိုးမှ မလုပ်ထားသေးကြောင်း ဒါဘီဥက္ကဌ မယ်လ်မောရစ်က ဆိုခဲ့ပါတယ်။…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်းဟာ တူရကီကလပ် ဘက်ဆစ်တက်အသင်းရဲ့ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့် ဒိုရူခန်တိုကို့ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်လာပါတယ်။ တူရကီသားလေးကို စီးရီးအေကလပ် အူဒီးနိစ်အသင်းက ကမ်းလှမ်းထားပေမယ့် ဘက်ဆစ်တက်အသင်းက ပယ်ချထားတာပါ။ ၂။ တိုက်စစ်ကစားသမား မာနေကတော့ သူ့အနေနဲ့ အဆုံးသတ်စွမ်းရည်မှာ ပိုမိုတိုးတက်လာခဲ့တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပြီး လာမယ့်ရာသီမှာလည်း ပိုကောင်းအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပရိသတ်တွေကို ကတိပြုခဲ့ပါတယ်။ ၃။ လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်ကစားသမားတယောက်ကိုသာ ထပ်ခေါ်ချင်တယ်ဆိုရင် စပါးတောင်ပံတိုက်စစ်ကစားသမား လူးကပ်စ်မော်ရာနဲ့ ခရစ်စတယ်ပဲလေ့စ်တိုက်စစ်ကစားသမား ဇာဟာတို့ကို စဉ်းစားသင့်ကြောင်း တိုက်စစ်မှူးဟောင်း…

reading now

[ZawGyi] ၁။ နည်းပြသက်နုသေးတဲ့ ဂန္ထဝင်ကစားသမား ဖရန့်ခ်လမ်းပတ်ကို ချယ်လ်ဆီးအသင်း နည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာဟာ ရယ်စရာကောင်းလွန်းကြောင်း ခြင်္သေ့ပြာဟောင်း ခရိတ်ဘာလေက ဝေဖန်ခဲ့ပါတယ်။ ၂။ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာတော့မယ့် နောက်ခံလူ ဂယ်ရီကာဟေးလ်ဟာ နည်းပြဟောင်း ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းကို ရောက်ရှိရန် နီးစပ်နေတယ်လို့ သိရပါတယ်။ ၃။ နည်းပြဆာရီထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂန္ထဝင်ကစားသမားကြီး ဇိုလာကလည်း လက်ထောက်နည်းပြအဖြစ် ဆက်လက်ဆောင်ရွက်ခြင်းမပြုတော့ဘဲ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ၄။ ချယ်လ်ဆီးအသင်းရဲ့လူငယ်တိုက်စစ်ကြယ်ပွင့်လေး မာတဲလ် တေလာ-ခရော့စ်ဒေးလ်ဟာ…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကိုသာ လက်လွှတ်ခဲ့ရပါက ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ရာကီတစ်နဲ့ တိုက်စစ်ကစားသမား ကော်တင်ညိုတို့ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ၂။ ပြင်သစ်ကလပ် မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမားလေး ယူရီတိုင်လီမန်းစ်ကို မန်ယူနိုက်တက်အသင်းက စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။ အသက် (၂၂)နှစ်သားလေးဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စတာအသင်းထံ အငှားထွက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၃။ အင်္ဂလန် U-21 ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ရှက်ဖီးလ်ယူနိုက်တက်အသင်းကို အငှားထွက်ကစားခဲ့ပြီးနောက် သူ့အနေနဲ့…

reading now

error: Content is protected !!